လှိုင်မြို့နယ်က တပ်မတော်ချည်မျှင်နှင့် အထည်ချုပ်စက်ရုံမှာ ဗုံး(၃) ကြိမ်ပေါက်

လှိုင်မြို့နယ်က တပ်မတော်ချည်မျှင်နှင့်အထည်ချုပ်စက်ရုံမှာ ဗုံး(၃)ကြိမ်ပေါက်

ရန်ကုန်၊သြဂုတ် ၂၀၊၂၀၂၁
KK(VOM)

ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ၁၂ရပ်ကွက်၊ အင်းစိန်လမ်းမကြီးနဲ့ပါရမီလမ်းထောင့်မှာရှိတဲ့ တပ်မတော်ချည်မျှင်နဲ့စက်ရုံ(သမိုင်း)မှာ ဒီကနေ့နေလယ်ပိုင်းက ဗုံးပေါက်ကွဲမှု(၃)ကြိမ်ဖြစ်ခဲ့တယ်လို့ စက်ရုံအနီးတွင်နေထိုင်သူအချို့ကပြောပါတယ်။

” ထိခိုက်မှုကမသိဘူး၊ စစ်တပ်နဲ့ရဲတွေတော့ ရောက်
နေတယ်၊ စက်ရုံထဲနဲ့ သမိုင်းလမ်းဆုံမှာ စောင့်နေကြတယ်”လို့ လှိုင်ရတနာလမ်းမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် အမည်မဖော်လိုသူတစ်ဦးကလည်း ” ပေါက်တာကတော့ ကျယ်တယ် သုံးကြိမ်တောင်၊ ပေါက်ကွဲမှုဖြစ်တဲ့စက်ရုံမှာ စစ်တပ်နဲ့ရဲတွေက စစ်ဆေးချိန်မှာတော့ စက်ရုံအုတ်တံတိုင်းနဲ့ သုံးပေခန့်အကွာ စက်ရုံဝင်းအတွင်းက အုတ်ရေကန်အဟောင်းအတွင်းမှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး အဲ့ဒီနေရာမှာပဲ လက်လုပ်မိုင်းအစအနတွေ တွေ့ရှိခဲ့တယ်”လို့ ပြောပါတယ်။

လက်တလောမှာတော့ ဗုံးပေါက်ကွဲတဲ့ကိစွနဲ့ပတ်သက်ပြီး စုံစမ်းမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

လှိုင်မြို့နယ်မှာ ဇွန် ၂၂ရက် က ၁၃ရပ်ကွက်၊ သီရီမြိုင် ၁၀လမ်းက အမျိုးသားရေးလှုပ်ရှားသူ ဦးကျော်အေးနဲ့ သြဂုတ်၅ရက်မှာ ၁၆ရပ်ကွက်၊ ဘူတာရုံလမ်းက ဦးစန်းလင်းဆိုသူတို့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပါတယ်။

အလားတူ သြဂုတ်၁၃ရက်ကလည်း ၅ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်ခဲ့ပြီး ၄ရပ်ကွက်၊ သီရီမင်္ဂလာစျေးရှေ့မှာတော့ ယာဥ်ထိန်းရဲတပ်ကြပ်(၁)ဦး ဓားနဲ့ထိုးခံရလို့ ဒဏ်ရာရတဲ့ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ပါတယ်။

Viceofmyanmar VOM

Be the first to comment

Leave a Reply

Your email address will not be published.


*