လှိုင်သာယာမြို့မရဲစခန်းအနီး ဗုံးပေါက်၊ လူ ၂ဦးဖမ်းဆီးခံရ

လှိုင်သာယာမြို့မရဲစခန်းအနီး ဗုံးပေါက်၊ လူ ၂ဦးဖမ်းဆီးခံရ

 

ရန်ကုန်၊​ဩဂုတ်လ ၃၀ -၂၀၂၁

KK(VOM)

 

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ညောင်တုန်းလမ်းမကြီးပေါ်ရှိ မြို့မရဲစခန်းအနီးမှာ ဒီကနေ့ည ၇နာရီခွဲကဗုံးပေါက်ခဲ့ပြီး အနီးရှိလမ်းသွားလမ်းလာ(၂)ဦး ဖမ်း

ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

၅ရပ်ကွက်မှာနေထိုင်သူတစ်ဦးက” လှိုင်သာယာမြို့မရဲစခန်းနာမှာ ဗုံးပေါက်ကွဲခဲ့တာ၊ ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ အနီးနားဝန်းကျင်က လူ(၂)ဦးရိုက်နှက်ဖမ်းဆီးထားတယ်၊ ဗုံးပေါက်တာက အသံတော်တော်ကျယ်တာ၊ မန

က်ကတည်းက စစ်တပ်နဲ့ရဲတွေက စစ်တာ၊ ဘဏ်ဓါးပြတိုက်ခံရတာ လှိုင်သာယာဘက်ထွက်ပြေးတယ်ဆိုပြီး သတင်းထွက်ကတည်းက အခုတော့ပိုဆိုးတာပေါ့”လို့ ပြောပါတယ်။

 

​မြို့မရဲစခန်းအနီးမှာ ဗုံးပေါက်ကွဲခဲ့တဲ့အပြင် စစ်တပ်နဲ့ရဲတွေဟာ မပေါက်ကွဲသေးတဲ့ဗုံးတွေကိုလည်း တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

ပေါက်ကွဲမှုဖြစ်ပွားအပြီးမှာ စစ်တပ်နဲ့ရဲတွေက ဗုံးပေါက်မှုဖြစ်ခဲ့တဲ့ ရန်ကုန်-ညောင်တုန်းလမ်းမကြီးကို ခေတ္တယာယီပိတ်ထားပြီး စစ်ဆေးနေတယ်လို့ (၃)ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။

 

ဩဂုတ်လ ၂၀ ရက် ညပိုင်းကလည်း လှိုင်သာယာမြို့မရဲစခန်းအနီး မြန်မာ့စီပွားရေးဘဏ်နားမှာ ဗုံးပေါက်ခဲ့လို့ ကားတစ်စီးမီးလောင်ခဲ့ပါသေးတယ်။

 

ဒီကနေ့မနက်ပိုင်းကလည်း ရန်ကုန်မြို့က မြို့နယ်တွေမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါသေးတယ်။

 

#voiceofmyanmar #VOM #ရန်ကုန်

Be the first to comment

Leave a Reply

Your email address will not be published.


*