ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ခမ်းတမြို့လုံး ၅ ရက်ကြာလော့ခ်ဒေါင်းချ ကိုဗစ်ရှိမရှိ စစ်ဆေးမှုပြုလုပ်မယ်

ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ခမ်းတမြို့လုံး ၅ ရက်ကြာလော့ခ်ဒေါင်းချ ကိုဗစ်ရှိမရှိ စစ်ဆေးမှုပြုလုပ်မယ်

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရမြို့နယ်တစ်ခုဖြစ်တဲ့ ပန်ခမ်းမြို့နယ်ကို သြဂုတ်လ ၁၈ ရက်နေ့ကနေ စတင်ပြီး လော့ခ်ဒေါင်းချကာ မြို့တွင်းနေထိုင်သူအားလုံး ကိုဗစ် ၁၉ ရောဂါအတွက် အာခေါင်တို့ဖတ်စစ်ဆေးမှုပြုလုပ်မယ်လို့ ပန်ခမ်းမြို့ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရေးဌာနကထုတ်ပြန်လိုက်ပါတယ်။

ဒေသတွင်းမှာ ကိုဗစ်ရောဂါကူးစက်ပျံ့နှံ့မှုလျှော့ချဖို့အတွက် တရုတ်ပညာရှင်တွေရဲ့အကြံပြုချက်နဲ့ အခုလိုစစ်ဆေးမှုတွေကို လုပ်ဆောင်တာဖြစ်ပြီး ပန်ခမ်းမြို့နယ်အတွင်းနေထိုင်သူ၊ ယာယီနေထိုင်သူ၊ ပြင်ပကဝင်ရောက်လာသူအားလုံး စစ်ဆေးမှုလုပ်ရမှာဖြစ်တယ်လို့ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

ဒီလိုကိုဗစ်ရောဂါစစ်ဆေးမှုကို သြဂုတ်လ ၁၈ ရက်နေ့ကစပြီး ၅ ရက်ကြာပြုလုပ်မှာဖြစ်ပြီး ရောဂါကာကွယ်ထိန်းချုပ်ရေး ထုတ်ပြန်ချက်တွေကို လိုက်နာမှုမရှိရင် အရေးယူခံရမယ်လို့လည်းဖော်ပြထားပါတယ်။

ပြည်တွင်းကိုဗစ်တတိယလှိုင်းကာလမှာလည်း တရုတ်အစိုးရက ဝဒေသ တစ်ခုလုံး အတိုင်းအတာနဲ့ကိုဗစ်ကာကွယ်ဆေးထောက်ပံ့ကူညီပေးတဲ့အစီအစဉ်ကို ပြုလုပ်ခဲ့တယ်လို့ဝဒေသ ကိုဗစ်ထိန်းချုပ်ရေးအဖွဲ့က ပြောကြားခဲ့ပါတယ်။
ဒါကြောင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဝ ဒေသမှာ အသက် ၁၈နှစ်နဲ့အထက် လူဦးရေ ၃ သိန်းနီးပါးလုံးကို ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ ကာကွယ်ဆေးနှစ်ကြိမ်ထိုးပေးခဲ့တယ်လို ဝ ဒေသပြောခွင့်ရ ဦးညီရန်းက ပြောကြားထားပါတယ်။

ဘီဘီစီမြန်မာပိုင်း
ဓါတ်ပုံ- CJ
ပုံစာ -ဝဒေသတွင်းကိုဗစ်ကာကွယ်ဆေးကို ဇူလိုင်လအတွင်း ထိုးနှံမှုပြုလုပ်ပေးခဲ့စဉ်

Be the first to comment

Leave a Reply

Your email address will not be published.


*