ဝိုင်းမော် ခ.လ.ရ ၅၈ တွင် လက်နက်ကြီးပစ်ခတ်သံများထွက်ပေါ်နေပြီး သံချပ်ကာကား ၃ စီးပါသော စစ်ယာဉ်တန်း မြစ်ကြီးနားမြို့မှ ထွက်ခွာသွား

ဝိုင်းမော် ခ.လ.ရ ၅၈ တွင် လက်နက်ကြီးပစ်ခတ်သံများထွက်ပေါ်နေပြီး သံချပ်ကာကား ၃ စီးပါသော စစ်ယာဉ်တန်း မြစ်ကြီးနားမြို့မှ ထွက်ခွာသွား

ရန်ကုန်၊ သြဂုတ်၁၈

ကချင်ပြည်နယ်၊ ဝိုင်းမော်အခြေစိုက် ခ.လ.ရ ၅၈ တပ်ရင်းမှ လက်နက်ကြီး/ငယ် ပစ်ခတ်သံများ ယနေ့ သြဂုတ်လ ၁၈ ရက် ည ၉ နာရီခန့်တွင် ထွက်ပေါ်နေပြီး သံချပ်ကာကား ၃ စီးပါသော စစ်ကောင်စီယာဉ်တန်းသည် မြစ်ကြီးနားမြို့မှ ဝိုင်းမော်မြို့သို့ ထွက်ခွာသွားကြောင်း မျက်မြင်ဒေသခံများမှပြောသည်။

“ခ.လ.ရ ၅၈ က ပစ်တာ လက်နက်ကြီးသံတွေ ၁၀ ချက် မကဘူး၊ သေနတ်သံတွေရော ကြားရတယ်၊ K.I.A က လာတိုက်တာလား သူတို့ တဖက်သတ်ပစ်တာလားတော့ မပြောတတ်သေးဘူး” ဟု ဝိုင်းမော်ဒေသခံ သတင်းရင်းမြစ်မှ ရန်ကုန်ခေတ်သစ်သို့ပြောသည်။

ဝိုင်းမော်တွင် လက်နက်ကြီးသံများ ထွက်ပေါ်လာပြီးနောက် မြစ်ကြီးနားမြို့မှာ သံချပ်ကာယာဉ် ၃ စီးအပါအဝင် စစ်ကားများ ဝိုင်းမော်မြို့ဘက်သို့ ထွက်ခွာသွားကြောင်း မြစ်ကြီးနားဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အဆိုပါ ခ.လ.ရ ၅၈ တပ်ရင်းမှ ပစ်ခတ်သော လက်နက်ကြီးများသည် အနီးဝန်းကျင်ရှိ ကျေးရွာများအတွင်း ကျရောက်ပြီး နေအိမ်များပျက်စီးခဲ့သလို ခ.လ.ရ ၅၈ တပ်ရင်းမှ ပစ်ခတ်သော ကျည်ဆံထိမှန်ပြီ လမ်းသွားပြည်သူ အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့သည်။

ဓါတ်ပုံ – ဝိုင်းမော်အခြေစိုက် ခ.လ.ရ ၅၈ တပ်ရင်း မြေပုံ
Khit Thit Media

Be the first to comment

Leave a Reply

Your email address will not be published.


*