ဝိုင်းမော် ခ.လ.ရ ၅၈ မှ အနီးဝန်းကျင်ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေ။

ဝိုင်းမော် ခ.လ.ရ ၅၈ မှ အနီးဝန်းကျင်ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေ။

ရန်ကုန်၊ သြဂုတ် ၁၉

ကချင်ပြည်နယ်၊ ဝိုင်းမော်အခြေစိုက် ခ.လ.ရ ၅၈ တပ်ရင်းမှ ယမန်နေ့ သြဂုတ်လ ၁၈ ရက် ၈ နာရီ ခွဲခန့်က ပစ်ခတ်သောလက်နက်ကြီးများသည် အနီးဝန်းကျင်ရှိ ခကွမ်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့သည်ဟု ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။

ခ.လ.ရ ၅၈ မှ ပစ်ခတ်သော လက်နက်ကြီးများ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး နေအိမ်များအတွင်း ကျည်ဆံဆများ ထိမှန်ခဲ့ကြောင်းနှင့် ကျေးရွာလမ်းပေါ်တွင်လည်း မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည် ၁ လုံး တွေ့ရကြောင်း ဒေသခံများမှပြောသည်။

” သူတို့ ခ.လ.ရ ၅၈ က ပစ်တဲ့ကျည်တွေ အနီးနားကျေးရွာတွေထဲ ကျရောက်တယ်ဆိုတာ ဟုတ်တယ်၊ ဒါပေမယ့် K.I.A က မနေ့ညကလည်း သွားတိုက်တာမဟုတ်ဘူးလို့ သိရတယ်။ အဲဒီတပ်ရင်းကာ့ အနီးနားက ရွာတွေကို ပစ်ခတ်ပြီး ခြောက်လှန့်နေတဲ့ သဘောပဲ။

ရွာတွေမှာလည်း များသောအားဖြင့် ရွာသားတွေ သိပ်မကျန်တော့ဘူး၊ အတော်များများ ရှောင်နေကြပြီ၊ အဲဒါကို သူတို့က ပစ်ခတ်နေတာ” ဟု K.I.A နှင့် နီးစပ်သော သတင်းရင်းမြစ်မှ ရန်ကုန်ခေတ်သစ်သို့ ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၄ ရက်နေ့တွင် ဝိုင်းမော်မြို့အနီးဝန်းကျင်ရှိ ကျေးရွာများတွင် ရွာမှထွက်ခွာပြီး ရှောင်တိမ်းနေကြရန် ခ.လ.ရ ၅၈ တပ်ရင်းမှ အသံချဲ့စက်များဖြင့် လိုက်လံကြေညာခဲ့သည်။

Photo credit – KNG
Credit – Khit Thit Media

Be the first to comment

Leave a Reply

Your email address will not be published.


*