သတင်းစာဆရာ ဦးစည်သူအောင်မြင့်နှင့် BBC Media Actionမှ မထက်ထက်ခိုင်တို့ကို ပုဒ်မ ၂ခုဖြင့် စစ်ကောင်စီ အမှုဖွင့်

သတင်းစာဆရာ ဦးစည်သူအောင်မြင့်နှင့် BBC Media Actionမှ မထက်ထက်ခိုင်တို့ကို ပုဒ်မ၂ခုဖြင့်
စစ်ကောင်စီ အမှုဖွင့်

သတင်းစာဆရာ ဦးစည်သူအောင်မြင့်နှင့် BBC Media Action ၏ အလွတ်တန်းသတင်းထောက် မထက်ထက်ခိုင်တို့ကို ပုဒ်မနှစ်ခုဖြင့် အမှုဖွင့်ထားကြောင်း စစ်ကောင်စီဝါဒဖြန့် မီဒီယာများတွင် ထုတ်ပြန်သည်။

၄င်းတို့နှစ်ဦးကို အကြမ်းဖက်စစ်ကောင်စီက စစ်တပ်အကြည်ညိုပျက်စေမှု ပုဒ်မ (၅၀၅ ) နှင့် မတရားအသင်း ဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇ (၁) တို့ဖြင့် အမှုဖွင့်ထား​သည်။

လွန်ခဲ့သည့် ငါးရက်ခန့်က သတင်းစာဆရာ စည်သူအောင်မြင့်သည် ရန်ကုန်မြို့ရှိ တိုက်ခန်းတစ်ခုတွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။

ဦးစည်သူအောင်မြင့်မှာ VOA နှင့် ဖရန်တီးယား သတင်းဌာနတို့တွင် ဆောင်းပါးများ ရေးသားလျက်ရှိသည့် ပင်တိုင်ဆောင်းပါးရှင် သတင်းစာဆရာတစ်ဦးဖြစ်သည်။ မထက်ထက်ခိုင်မှာ BBC Media Action ၏ သတင်းထောက်ဟောင်း တစ်ဦးဖြစ်သည်။

Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*