သထုံ စစ်ကောင်စီ၏ ၄၀၂ အမြောက်တပ်ရင်းကို PDF က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံး

သထုံ စစ်ကောင်စီ၏ ၄၀၂ အမြောက်တပ်ရင်းကို PDF က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံး

ရန်ကုန်၊ ဩဂုတ် ၂၃

မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ စစ်ကောင်စီတပ် ၄၀၂ အမြောက်တပ်ရင်းကို ဩဂုတ်လ ၂၃ ရက်နေ့ နံနက် ၈ နာရီတွင် ရှော့ခ်တိုက်ဒုံးဖြင့် ပစ်ခတ်လိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး ဒုံးထိမှန် သေဆုံးသွားကြောင်း PDF သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောသည်။

KNU တပ်မဟာ ၁ ဦးဆောင်မှုဖြင့် သထုံ PDFတပ်ဖွဲ့ဝင်များက သထုံအမြောက် ၄၀၂ တပ်ရင်းကို ရှော့ခ်တိုက်ဒုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း PDF သတင်းရင်းမြစ်က ပြောဆိုသော်လည်း KNU တပ်မဟာ ၁ ထံမှ အတည်ပြုချက်ရယူနိုင်ခြင်းမရှိသေးပေ။

“ဝီရော်ချောင်းရှိတဲ့ နား ခရိုင်ချင်းဆက်လမ်းနားမှာရှိတဲ့ သထုံ ၄၀၂ တပ်ကို ပစ်တယ်လို့ကြားတယ်။ ပစ်ခတ်မှုတော့ ဒီမနက်က ကြားလိုက်တယ်။ အခုကြားတာက သထုံဘက်ကို စစ်ကောင်စီဘက်က စစ်ကားတွေ ဆင်းနေတယ်။ ဝမ်းဘဲအင်းက စစ်ကောင်စီတပ်က ထွက်ပြေးကုန်တယ်လို့လည်း ကြားတယ်” ဟု သထုံမြို့နယ်မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။

Khit Thit Media

Be the first to comment

Leave a Reply

Your email address will not be published.


*