သရုပ်ဆောင် ဆင်မ အဖမ်းခံရ 

သရုပ်ဆောင် ဆင်မ အဖမ်းခံရ

 

ဇာတ်ပို့သရုပ်ဆောင် ဆင်မသည် သြဂုတ်လ ၂၄ရက် ည ၁၀နာရီ ၃၀ မိနစ်အချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း သိရသည်။

 

ဆင်မသည် ၎င်း၏နေအိမ်မှာပင် ဖမ်းဆီးခံရခြင်းဖြစ်ပြီး နေအိမ်မှ ပြောင်းရွှေ့နေထိုင်ရန် အကြံပေးခဲ့ကြောင်းကိုလည်း ဒါရိုက်တာသည်ခေတ်နေက မဇ္စျိမကို ပြောသည်။

 

” သူ့ကို အိမ်ပြောင်းနေဖို့ အစ်ကိုကူညီပေးခဲ့တာကို ပထမလက်ခံခဲ့ပြီး နောက်နေ့မှာ သူအိမ်မှာပဲ အဆင်ပြေနေသေးတယ်ဆိုပြီး သူပြန်ပြောခဲ့တယ်။ ဘယ်ဖမ်းသွားလဲတော့ သူ့အမျိုးသမီးလည်း ခုထိသိချင်နေတယ်။ မေးစရာရှိလို့ ခဏဆိုပြီးခေါ်သွားတာ။မနက်ကထိ ဘာမှ​မသိရသေးဘူးပြောတယ်” ဟု ဒါရိုက်တာ သည်ခေတ်နေက ဆိုသည်။

 

ဇာတ်ပို့သရုပ်ဆောင် ဆင်မသည် စစ်အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန်ဆန့်ကျင်‌နေသည့် အနုပညာရှင်တစ်ဦးဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ နှုတ်ထွက်ထားသူလည်း ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*