ဟေတီမှာ အင်အားပြင်ငလျင်ကြောင့် သေဆုံးသူ ၂,၂၀၀ ကျော်ရှိ

ဟေတီမှာ အင်အားပြင်ငလျင်ကြောင့် သေဆုံးသူ ၂,၂၀၀ ကျော်ရှိ

Aug 23.2021
အမေရိကန် တောင်ပိုင်း Tennessee ပြည်နယ်အလယ်ပိုင်းမှာ မကြုံစဖူးမိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့နောက် ရေကြီးရေလျှံမှုကနေ တနင်္ဂနွေနေ့ အထိဆို အနည်းဆုံး လူပေါင်း ၂၂ ဦး သေဆုံးခဲ့ရပြီး ဒါဇင်နဲ့ချီ ပျောက်ဆုံး နေသလို နေအိမ်တွေလည်း အများအပြား ပျက်စီးခဲ့ရပါတယ်။ လူသေကျေထိခိုက်မှုတွေပါ ကြုံခဲ့ရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ စိတ်မကောင်းဖြစ်ရကြောင်း တနင်္ဂနွေနေ့မှာပဲ သမ္မတ Joe Biden ပြောဆိုလိုက်ပြီး အစိုးရက ကူညီဖို့လည်း ပြောလိုက်ပါတယ်။ (Act. President Biden)

“အစိုးရက အကူအညီပေးဖို့ အသင့်ရှိနေပါတယ်။ ဖယ်ဒရယ် အရေးပေါ်အကူအညီပေးရေး အေဂျင်စီ အကြီးအကဲကိုလည်း ပြည်နယ်အုပ်ချုပ်ရေးနဲ့ ဆက်သွယ်ဖို့ ပြောဆိုထားပြီး၊ လိုအပ်တဲ့ အကူအညီတွေ ပေးဖို့လည်း ကမ်းလှမ်းထားပါတယ်။” လို့ သမ္မတဘိုင်ဒင်က တနင်္ဂနွေနေ့ အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။

စနေနေ့က ရေကြီးရေလျှံမှုကြောင့် လမ်းတွေ၊ ဆဲလ်ဖုံးတာဝါတိုင်တွေ၊ တယ်လီဖုံးလိုင်းတွေ ပျက်စီးကုန်တဲ့ အတွက် အဆက်အသွယ်တွေ ပြတ်တောက်နေပါတယ်။

အရေးပေါ်ကယ်ဆယ်ရေး လုပ်သားတွေက တအိမ်တက် တအိမ်ဆင်း လိုက်လံရှာဖွေ အကူအညီတွေ ပေးနေရတယ်လို့ ရေကြီးတဲ့ ဒဏ်အပြင်းအထန်ခံရတဲ့ Humphrey ခရိုင် ကျောင်းကျန်းမာရေးတာဝန်ခံက ပြောပါတယ်။

Nashville မြို့ အနောက်ဖက် မိုင် ၆၀ လောက်အကွာမှာရှိတဲ့ ဒီဒေသမှာ နေထိုင်သူ လူဦးရေက ၂ သောင်းနီးပါးရှိပါတယ်။ ရေတက်တာ သိပ်မြန်တဲ့နေရာတွေမှာ ပျောက်ဆုံးနေသူ အများအပြားရှိနေတယ်လို့လည်း ဒေသခံ ရဲတပ်ဖွဲ့က ပြောပါတယ်။ ခရိုင်အရေးပေါ်စင်တာ ဖေ့စ်ဘုတ်စာမျက်နှာမှာတော့ ရေကြီးလို့ ပျောက်ဆုံးနေသူတွေရဲ့ အမည်စာရင်းတွေကို ဖော်ပြထားပါတယ်။

ဒီဒေသမှာ စနေနေ့က ၂၄ နာရီမပြည့်ခင်မှာပဲ မိုးရေချိန် ၁၇ လက်မ အထိ တက်ခဲ့တာပါ။ ဒီမိုးရွာသွန်းမှုက Tennessee အလယ်ပိုင်းဒေသ တခုလုံးကို ဆိုးဆိုးဝါးဝါး ထိခိုက်စေခဲ့တာ ဖြစ်ပြီး တနင်္ဂနွေနေ့မှာတော့ ရေကျသွားပြီး ရေအလွှမ်းခံရတဲ့ ဒေသတခုလုံး အမှိုက်တွေ၊ ကားပျက်တွေ၊ အိမ်နဲ့ လုပ်ငန်းတွေက အပျက်အစီးတွေနဲ့ ပြည့်နေခဲ့ပါတယ်။ ရေနစ်သေဆုံးရသူတွေရဲ့ အလောင်းတချို့ကို လည်း တွေ့ရပါတယ်။

Source – Voice of Burmise

Be the first to comment

Leave a Reply

Your email address will not be published.


*