အကြမ်းဖက် မြန်မာစစ်အုပ်စု၏ စီးပွားဖက် Yale-NUS ကောလိပ်ဥက္ကဋ္ဌကို တာဝန်မှ ဖယ်ရှားရေး လက်မှတ်ရေးထိုး တောင်းဆိုရန် ဖိတ်ခေါ် 

အကြမ်းဖက် မြန်မာစစ်အုပ်စု၏ စီးပွားဖက် Yale-NUS ကောလိပ်ဥက္ကဋ္ဌကို တာဝန်မှ ဖယ်ရှားရေး လက်မှတ်ရေးထိုး တောင်းဆိုရန် ဖိတ်ခေါ်

 

ရန်ကုန်၊ သြဂုတ် ၂၅

 

အကြမ်းဖက် စစ်အုပ်စု စီးပွားဖက်ဖြစ်သော Yale-NUS ကောလိပ် အုပ်ချုပ်ရေးဘုတ်အဖွဲ့ ဥက္ကဋ္ဌ Kay Kuok Oon Kwong ကို ၎င်း၏ ရာထူးမှဖယ်ရှားရေး ပါဝင်လက်မှတ်ရေးထိုးတောင်းဆိုရန် Justice For Myanmar က ဖိတ်ခေါ်သည်။

 

၎င်းသည် Shangri-La အုပ်စု၏လုပ်ငန်းဖြစ်သော ဆူးလေအထပ်မြင့်စီမံကိန်း ဇိမ်ခံရုံးခန်းနှင့် ကုန်တိုက်တို့၏ ဒါရိုက်တာဖြစ်သူ စစ်ဗိုလ်ချုပ်ကြီးတစ်ဦးနှင့် စီးပွားဆက်စပ်လုပ်ကိုင်နေခြင်းဖြစ်ကြောင်း ယင်းအဖွဲ့က ပြောဆိုသည်။

 

Sule Square ကို ၂၀၁၇ ခုနှစ်တွင်ဖွင့်လှစ်ခဲ့ပြီး လက်နက်ဝယ်ယူရေး တာဝန်ရှိသော စစ်ထောက်ချုပ်ရုံးထံမှ မြေငှားရမ်းကာ အကောင်အထည်ဖော်လုပ်ကိုင်ခြင်းဖြစ်ပြီး Kay Kuok Oon Kwong နှင့် Shangri-La အုပ်စုတို့သည် အကြမ်းဖက်စစ်အုပ်စုနှင့်စီးပွားဆက်ဆံမှုဖြတ်တောက်ရန် ပျက်ကွက်နေကြောင်း ယင်းအဖွဲ့က ထောက်ပြသည်။

 

ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်၏ အကြံပြုချက်များကို တုံ့ပြန်ရန် ပျက်ကွက်နေပြီး ယခု လက်ရှိဖြစ်ပေါ်နေသော မြန်မာပြည်သူများအပေါ် အကြမ်းဖက်မှုများတွင် ပါဝင်ပတ်သက်နေကာ အကျိုးဆက်အား တာဝန်ယူရမည်ဖြစ်ကြောင်း Justice For Myanmar က သတိပေးသည်။

 

“Kay Kuok Oon Kwong သည် မြန်မာစစ်တပ်နှင့်အတူ စီးပွားရေးလုပ်ကိုင်သော Shangri-La နှင့် ပတ်သက်မှုအား ချက်ချင်း အဆုံးမသတ်ပါက သူမအား Yale-NUS ကော်လိပ်၏ အုပ်ချုပ်ရေးဘုတ်အဖွဲ့မှ ဖယ်ရှားပေးရန် ,ယင်းအဖွဲ့က တောင်းဆိုခြင်းဖြစ်သည်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*