အင်းစိန် မြို့နယ် ထွေ/အုပ် စာရေးဝန်ထမ်းတစ်ဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံး

အင်းစိန် မြို့နယ် ထွေ/အုပ် စာရေးဝန်ထမ်းတစ်ဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံး

ရန်ကုန်၊သြဂုတ် ၁၉-၂၀၂၁
KK(VOM)

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်မှာ ဒီကနေ့ညနေ ၆နာရီက
မြို့နယ်ထွေ/အုပ်စာရေးတစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ထွေ/အုပ်ဝန်ထမ်းတွေဆီက သိရပါတယ်။

အင်းစိန်မြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက စာရေးဝန်ထမ်းဦးညီညီထွေးကို ညနေ ၆နာရီကအမည်မသိအဖွဲ့ကနေ သေနတ်နဲ့ပစ်ခတ်သွားလို့ သေဆုံးသွားတယ်လို့ ထွေ/အုပ်ဝန်ထမ်းတစ်ဦးကပြောပါတယ်။

“နားထင်ကို သေနတ်နဲ့ပစ်သွားတာ ရပ်ကွက်က အကြောင်းကြားမှ သိတာ၊ ပွဲချင်းပြီးပဲ၊ အိမ်အပြန် အပစ်ခံရတာ”လို့ သူက ရှင်းပြပါတယ်။

မြို့နယ်ထွေ/အုပ်ရုံးကနေ အလုပ်ပြီးလို့ နေအိမ်ကို စက်
ဘီးနဲ့ပြန်လာချိန် တောင်သူကုန်းရပ်ကွက်၊ အေးသာယာ ၁လမ်း၊ ခရစ်ယာန်ဘုရားကျောင်းရှေ့မှာ အမည်မသိသူတစ်ဦးက သေနတ်နဲ့ပစ်ခတ်ခဲ့လို့ လဲကျသေဆုံးခဲ့တယ်လို့ တောင်သူကုန်းရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။

သေဆုံးသူဦးညီညီထွေးဟာ အင်းစိန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ တာဝန်ထမ်းဆောင်နေပြီး တောင်သူကုန်းရပ်ကွက်ရဲ့ ရပ်ကွက်စာရေးဝန်ထမ်းတစ်ဦးလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းကလည်း အင်းစိန်မြို့နယ်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကို သေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Be the first to comment

Leave a Reply

Your email address will not be published.


*