အယုတ်တမာ လူသတ် တရားခံ ဖက်ဆစ် မင်းအောင်လှိုင်နှင့် စစ်ရာဇ ဝတ်ကောင်များကို ကာကွယ်ရန် စစ်မှန်သော တပ်မတော်သားများတွင် လုံး၀ တာဝန်မရှိပါ။

အယ်ဒီတာအာ့ဘော်

အယုတ်တမာ လူသတ် တရားခံ ဖက်ဆစ် မင်းအောင်လှိုင်နှင့် စစ်ရာဇ ဝတ်ကောင်များကို ကာကွယ်ရန် စစ်မှန်သော တပ်မတော်သားများတွင် လုံး၀ တာဝန်မရှိပါ

 

 

By ရန်ကုန်ခေတ်သစ်

Aug 24.2021

 

အယုတ်တမာ မင်းအောင်လှိုင်နှင့် စစ်ရာဇဝတ်ကောင်များသည် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နိုင်ငံတော်၏ အာဏာကို ပြည်သူလူထု ရွေးကောက်တင်မြှောက်ထားသော လူထုအစိုးရလက်ထဲမှ လုယူ၍ လူမိုက်ဆန်ဆန် လက်နက်ပြ သိမ်းယူခဲ့သည်။

 

အာဏာသိမ်းထားသည့် ၆ လကျော်၊ ၇ လနီးပါး ကာလအတွင်း ပြည်သူ ၁၀၀၀ ကျော်ကို ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး လူပေါင်း ၁ သောင်းနီးပါးကို ဥပဒေမဲ့ အကြောင်းမဲ့ ဖမ်းဆီးအကျဉ်းချထားခံနေရသည်။

 

လူထုရွေးကောက်တင်မြှောက်ထားသော အစိုးရခေါင်းဆောင်များကို ဖမ်းဆီးအကျဉ်းချခြင်းများလုပ်ဆောင်လျက်ရှိသည့်အပြင် တစ်နိုင်ငံလုံး ပြည်သူများကို စိတ်မထင်လျှင် မထင်သကဲ့သို့ ဖမ်းဆီး သတ်ဖြတ်ခြင်းများကို တွင်ကျယ်စွာ ဆောင်ရွက်လျက်ရှိသည်။

 

စစ်ကိုင်းတိုင်း၊ကနီမြို့နယ်တွင် လူမျိုးတုံးသတ်ဖြတ်မှုကဲ့သို့သော အပြစ်မဲ့ ပြည်သူများကို အစုလိုက်အပြုံလိုက် သတ် ဖြတ်ခြင်းများကို နိုင်ငံတစ်ဝန်းတွင် မင်းအောင်လှိုင်နှင့်စစ်ရာဇဝတ်ကောင်များက လုပ်ဆောင်နေကြသည်။

 

လူငယ်များကို ညပိုင်း ဖမ်းဆီးပြီး မနက်ပိုင်း အလောင်းပြန်ပေးသည့် ဖြစ်စဉ်များ၊ စစ်တပ်၏ လက်ထဲရောက်သည်နှင့် သေသည်အထိ ညှဉ်းပန်းနှိပ်စက် သတ် ဖြတ်မှုများမှာလည်း အချိန်တိုင်း ဖြစ်ပေါ်လျက်ရှိသည်။

 

၆ လကျော်ကြာကာလအတွင်း နိုင်ငံတော်သည် အလွန်ဆိုးဝါးသော စစ်ဘီလူး လက်ထဲတွင် သန်း ၅၀ ကျော်သော ပြည်သူများမှာ မည်သူမှ မလုံခြုံတော့ဘဲ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်ကဏ္ဍပေါင်းစုံတွင် အဘက်ဘက်မှ ယိုယွင်း ကျဆင်းလျက်ရှိသည်။

 

မင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် တပ်ချုပ်ရာထူး အငြိမ်းစားယူရမည်ကို အနားမယူဘဲ ကောက်ကျစ် စဉ်းလဲစွာဖြင့် အာဏာ သိမ်းယူပြီး ၎င်း ၏ မိသားစု ချမ်းသာရေးနှင့် အာဏာတည်ဆောက်ရေးကို ဦးတည်ဆောင် ရွက်ခဲ့သည်မှာ ထင်ရှားလှပြီး ၎င်း၏နောက်လိုက် စိုးဝင်းအပါအဝင် စစ်ရာဇ ဝတ်ကောင်များမှာလည်း ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် မင်းအောင် လှိုင် စစ်အာဏာရှင် စနစ် ထူထောင်ရေး လမ်းစဉ်နောက်သို့ လိုက်ပါလျက်ရှိသည်။

 

နိုင်ငံတကာက အသိအမှတ်ပြုထားသော ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို ပယ် ဖျက်ခြင်းဖြင့် အယုတ်မာ လူသတ်ကောင် မင်းအောင်လှိုင်နှင့် စစ်ရာဇ ဝတ်ကောင်များမှာ အဆုံးစွန် ယုတ်မာနေကြပြီဖြစ်သည်။

 

လက်ရှိတွင် မင်းအောင်လှိုင်နှင့် ရာဇဝတ် ဒုစရိုက်သမားများကို မကာကွယ်လိုတော့သော ပြည်သူ့ဘက်တော်သား တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ ၎င်းတို့ တာဝန်ကျရာ နေရာများမှ စွန့်ခွာမှု များရှိနေပြီး ယင်းစွန့်ခွာမှုများကို ပြည်သူလူထုက သောင်းသောင်းဖျဖျ ကြိုဆိုနေကြသည်။

 

မင်းအောင်လှိုင်၏ တပ်အတွင်း ဆက်လက်ကျန်ရှိနေသေးသော တပ်မတော်သားများအနေဖြင့် စစ်သည်တော် ကျင့်ဝတ် ၆၀ ကို သတိပြုရန်လိုအပ်ပါ သည်။

 

တပ်မတော်သားများအားလုံး လိုက်နာရမည့် စစ်သည်တော်ကျင့်ဝတ်အပါး ၆၀ တွင် ပြည်သူလူထုအပေါ် ပြုကျင့်ရမည့် ကျင့်ဝတ် ၁၀ ပါးကို ပြန်လည် စဉ်း စား ဆင်ခြင်ရမည်ဖြစ်သည်။

 

၁။ ပြည်သူလူထုအပေါ်သစ္စာစောင့်သိရိုသေပါ။

 

၂။ ပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ် ဥစ္စာကို ကာကွယ်စောင့်ရှောက်ပါ။

 

၃။ ပြည်သူလူထုနှင့် ယဉ်ကျေးစွာဆက်ဆံပါ။ ရေလို/လလိုကျင့်ပါ။

 

၄။ ပြည်သူလူထု၏အကျိုးစီးပွားကို အစဉ်ဦးထိပ်ထားပါ။

 

၅။ ပြည်သူလူထုအား လှောင်ပြောင်ခြင်း မထီမဲ့မြင်ပြုခြင်း စော်ကားမော်ကားပြုခြင်း ဆဲရေးတိုင်းထွာခြင်း ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်းနှင့် ခြိမ်းခြောက်ခြင်းတို့ကို ရှောင်ကျဉ်ပါ။

 

၆။ ပြည်သူလူထုအပေါ် လက်နက်အားကိုးဖြင့် အနိုင်ကျင့်ခြင်းမှ ရှောင်ကျဉ်ပါ။

 

၇။ မိမိနှင့်မသက်ဆိုင်သော အမှုကိစ္စများတွင် ဝင်မစွက်မိဖို့ သတိပြုပါ။

 

၈။ ပြည်သူလူထုကိုဦးစားပေးပါ။ မိမိမှ အခွင့်အရေးပိုမယူပါနှင့်။

 

၉။ ပြည်သူလူထုအတွက် ဘာပဲလုပ်လုပ် ဘာပဲခိုင်းခိုင်း ပြည်သူလူထုက ကြည်ဖြူကျေနပ်ပါစေ။

၁၀။ ပြည်သူလူထု၏ ဘာသာအယူဝါဒ ယဉ်ကျေးမှုဓလေ့ထုံးစံများကို လေးစားပါ။

 

လက်ရှိတွင် လူယုတ်မာ၊ လူသတ်ကောင် မင်းအောင်လှိုင်နှင့်စစ်ရာဇ ဝတ်ကောင်များသည် ပြည်သူလူထုအပေါ် ပြုကျင့်ရမည့် စစ်သည်တော် ကျင့်ဝတ် ၁၀ ပါးကို လုံး၀ ဂရုမမူဘဲ ပြောင်တင်းစွာ ပြုမူ ချိုးဖောက်နေသည်မှာ အထင် အရှားပင်ဖြစ်သည်။

 

ပြည်သူကို ကာကွယ်ရမည့်သူများသည် ပြည်သူကို သတ်ဖြတ် ညှဉ်းဆဲ နေခြင်းကြောင့် လက်ရှိ စစ်တပ်သည် မင်းအောင်လှိုင်နှင့် ရာဇဝတ်ကောင်များကို ကာကွယ်နေသည့် လက်ကိုင်တုတ် စစ်တပ်သာဖြစ်နေသည်။

 

မင်းအောင်လှိုင်နှင့် စစ်ရာဇဝတ်ကောင်များသည် ပြည်သူလူထုအပေါ် လက် နက်အားကိုးဖြင့် အနိုင်ကျင့်ပြီး ပြည်သူ လူထု၏အသက်အိုးအိမ်စည်းစိမ် ဥစ္စာကို နည်းမျိုးစုံဖြင့် ဖျက်ဆီး နေသည်မှာ သန်း ၅၀​ ကျော်သော ပြည်သူများအားလုံး မျက်မြင် သက်သေ သာဓကများနှင့်အတူ တွေ့မြင်နေရပြီဖြစ်သည်။

 

တပ်မတော်သားများအားလုံးအနေဖြင့် မင်းအောင်လှိုင်နှင့်ရာဇဝတ်ကောင်များ ဘက်မှ ဆက်လက်ရပ်တည်ပြီး ပြည်သူအပေါ် သတ်ဖြတ်ညှဉ်းဆဲနေလျှင် တပ်မိသားစုဝင်များ အားလုံး သမိုင်းတွင် လူဆိုးလူမိုက်တရားခံများ အဖြစ် ကျန် ရစ်မည်ဖြစ်ပြီး ပြည်သူလူထု၏ တရားစီရင် ချေမှုန်းခြင်းကို ခံရမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။

 

နိုင်ငံနှင့် ပြည်သူကို ကာကွယ်လိုသော စစ်မှန်သော တပ်မတော်သားများ၊ ရဲ တပ်ဖွဲ့ဝင်များအနေဖြင့် လူသတ်ကောင်၊ လူယုတ်မာ မင်းအောင်နှင့် စိုးဝင်း အပါအဝင် စစ်ဒုစရိုက်သမားများကို ဆန့်ကျင်၍ ပြည်သူလူထုဘက်သို့ ခိုလှုံဝင်ရောက်ရန် အချိန်ကျနေပြီ ဖြစ်ပါကြောင်း မီးမောင်းထိုးပြ၍ သတိချပ်စေရန် တိုက်တွန်းနှိုးဆော်လိုက်သည်။

 

Photo Credit -AlJazeera/ Agencies

Khit Thit Media

Be the first to comment

Leave a Reply

Your email address will not be published.


*