အရာတော်မြို့နယ်တွင် စစ်ကား ၅စီး မိုင်းဆွဲတိုက်ခိုက်ခံရ အသေအပျောက်များ

အရာတော်မြို့နယ်တွင် စစ်ကား ၅ စီး မိုင်းဆွဲတိုက်ခိုက်ခံရ အသေအပျောက်များ

 

သြဂုတ် ၂၅ရက်

 

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် ဒုံဒစ်ရွာနဲ့ ဇရစ်ရွာကြားမှာ စစ်ကား ၅ စီး ယနေ့ညနေ 3:00ခန့်က မိုင်းဆွဲတိုက်ခိုက်ခံရပါသည်။စစ်ကားတစ်စီး တိမ်းမှောက်ပြီး အသေအပျောက်တွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

ကားတစ်စီးမှောက်ပြီး အထိနာတယ်လို့တော့ ပြောတယ်၊ အသေအပျောက် အတိအကျမသိရသေးဘူး လို့သိရှိပါတယ်။မိုင်းထိပြီးနောက်ပိုင်း စစ်တပ်က သေနတ်အချက် ပေါင်းများစွာ ရမ်းသမ်းပစ်ခတ်တာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

အဲဒီစစ်ကောင်စီတပ်က ဒီနေ့မနက်ပိုင်းက ကြွေပုဂံရွာကို ဝင်ရောက်စီးနင်းကာ နေအိမ်တွေ ဖျက်ဆီးပြီး ပြန်လာစဉ် မိုင်းဆွဲတိုက်ခိုက်ခံရတာလို့ သိရီရပါတယ်။စစ်ကောင်စီတပ်ဟာ ယနေ့မနက် 3:00 ခန့်က ကြွေပုဂံရွာကို ဝင်စီးပြီး တွေ့တဲ့လူ ဖမ်းဆီးနေတာဖြစ်ပြီး၊ တောတွေထဲအထိလည်း လိုက်လံပစ်ခတ်ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

 

ယနေ့လယ်ပိုင်းက ကြွေပုဂံရွာဘုန်းကြီးကျောင်းအတွင်း ရွာသူရွာသား ၁၀၀ ကျော် ဖမ်းဆီးထားပြီး အဆက်အသွယ် လုပ်မရအောင်လည်းဘုန်းကြီးကျောင်းက ဖုန်းတွေကစပြီး အကုန်သိမ်းတယ်။ ရွာသူရွာသားတွေ ငိုပြီးတောင်းပန်တဲ့ကြားက လူနေအိမ် ၁၅ လုံးကိုလည်း ရစရာမရှိအောင် စစ်တပ်က ဖျက်ဆီးသွားတယ်။

 

#pale_entertainment

Be the first to comment

Leave a Reply

Your email address will not be published.


*