အလုံဘူတာအနီး မီးရထားရဲ ၆ ဦးပစ်ခတ်ခံရ ၄ ဦးသေဆုံး

အလုံဘူတာအနီး မီးရထားရဲ ၆ ဦးပစ်ခတ်ခံရ ၄ ဦးသေဆုံး

ဝေယံမိုး
သြဂုတ် ၁၄ ရက်၊ ၂၀၂၁ ခုနှစ်

မီးရထားရဲတပ်ဖွဲ့မှ မြို့ပတ် ရထားလုံခြုံရေးအဖြစ် မီးရထား နောက်ဆုံးအတွဲမှ လိုက်ပါစဉ် အလုံနှင့် ပန်းလှိုင်ကြားတွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ၄ ဦးသေဆုံးမှုဖြစ်ပွားခဲ့သည်။

“ အလုံဘူတာကအထွက် ညနေ ၅ နာရီလောက်မှာ အပစ်ခံရတာပါ၊ ခြောက်ယောက်ရှိတာကို လေးယောက်ကို ထိသွားတယ်၊ ဟုမ်းလမ်းဘူတာရုံရောက်မှသိကြတယ်၊ သေနတ်တွေလဲပါသွားတယ်၊ စစ်သားတွေ ပတ်ရှာနေကြတာ၊ ကျန်တာတော့သေချာမသိပါဘူး‌ “ ဟုဖြစ်စဉ်အနီးမှ ခရီးသည်တစ်ဦးကဆိုသည်။

ပစ်ခတ်မှုတွင် ဒုတက ဝင်းဇော်လတ်၊ တသ ရဲမင်းထွန်း၊ တသ ဖြိုးမောင်မောင်နှင့် တသ ထိန်လင်းအောင်တို့ သေဆုံးကာ သေနတ် လေးလက်ပါသွားကြောင်း ရဲကြေးနန်း သတင်းအရသိရသည်။

ဒဏ်ရာရရှိသည့် တက မြင့်ဌေး၊ တက ကျော်ဇင် တို့အား တဆရ(၂/၅၀၀) စစ်ဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟုဆိုသည်။

ရဲများအား သေနတ်ဖြင့်လာရောက်ပစ်ခတ်သူ နှစ်ဦး သေဆုံးကာ ခြောက်ဦး ဖမ်းမိခဲ့ကြောင်း သတင်းများထွက်ပေါ်လျှက်ရှိပြီး မဇ္ဈိမအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*