အာဏာရှင်စနစ်အမြစ်ပြတ်သည်အထိ ပြည်သူလူထုနှင့်အတူ တွန်းလှန်ရန် တပ်မတော်သားများအား KNDF ဖိတ်ခေါ်

အာဏာရှင်စနစ်အမြစ်ပြတ်သည်အထိ ပြည်သူလူထုနှင့်အတူ တွန်းလှန်ရန် တပ်မတော်သားများအား KNDF ဖိတ်ခေါ်

ရန်ကုန်၊ သြဂုတ် ၂၀

အကြမ်းဖက်စစ်အာဏာရှင်ကို အမြစ်ဖြတ်သည်အထိ ပြည်သူလူထုနှင့်အတူ တွန်းလှန်သွားရန် တပ်မတော်သားများအား ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KNDF မှ ဖိတ်ခေါ်လိုက်သည်။

ပြည်သူလူထုနှင့်ပူးပေါင်းမည့် တပ်မတော်သားများအတွက် လုံခြုံရေးအထူးအာမခံချက်ပေးသွားမည့်အပြင် ပြည်သူများမှ ပံ့ပိုးထားသော ဆုတော်ငွေများဖြင့်လည်း ချီးမြှင့်သွားမည်ဟု KNDF ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံပြည်တွင်းစစ် သမိုင်းတလျှောက်တွင် ဗိုလ်ချုပ်များနှင့် စစ်ခေါင်းဆောင်များသည် ၎င်းတို့၏ အကျိုးစီးပွားကို ကာကွယ်ရန်အတွက် အောက်ခြေတပ်မတော်သားများ၏ အသက်၊ သွေး၊ ချွေးများကို ဖြုန်းတီးနေသဖြင့် ပြည်သူလူထုနှင့် လာရောက်ပူးပေါင်းရန် ပြည်သူ့ဘက်တော်သား တပ်မတော်သားများကို KNDF မှ တိုက်တွန်းပန်ကြားထားသည်။

အကြမ်းဖက်စစ်ကောင်စီမှ မတရားအာဏာသိမ်းထားသည့် ၆ လကျော်အတွင်း ပြည်သူလူထုနှင့်ပူးပေါင်းကာ CDM ပြုလုပ်ထားသော တပ်မတော်သားပေါင်း ၁၅၀၀ ခန့်ရှိပြီဟု CDM ဗိုလ်ကြီးတစ်ဦးထံမှ သိရသည်။

ဓါတ်ပုံ – ရှေ့တန်းတနေရာတွင် တွေ့ရသော KNDF တပ်ဖွဲ့ဝင်များ
Khit Thit Media

Be the first to comment

Leave a Reply

Your email address will not be published.


*