အာဖဂန်ကနေ အစွန်းရောက်အစ္စလာမ်ဝါဒ ဒေသတွင်းပြန့်ပွားလာနိုင်တဲ့အန္တရာယ် ပူတင်သတိပေး

အာဖဂန်ကနေ အစွန်းရောက်အစ္စလာမ်ဝါဒ ဒေသတွင်းပြန့်ပွားလာနိုင်တဲ့အန္တရာယ် ပူတင်သတိပေး

 

Unicode

သြဂုတ် ၂၄၊ ၂၀၂၁ Myanmar Muslim Media

 

အာဖဂန်ကနေ အစွန်းရောက်အစ္စလာမ်ဝါဒ ဒေသတွင်းဝင်ရောက်ပြီး ထိခိုက်သက်ရောက်မှုတွေမဖြစ်အောင် ကာကွယ်တားဆီးဖို့ အလွန်အရေးကြီးကြောင်း ရုရှားသမ္မတဗလာဒီမာပူတင်က ဗဟိုအာရှခေါင်းဆောင်တွေကို ပြောကြားခဲ့ကြောင်း ကရင်မ်မလင်ကဖော်ပြခဲ့ပါတယ်။

 

တနလာၤနေ့က စုပေါင်းလုံခြုံရေးသဘောတူညီမှုဆိုင်ရာအဖွဲ့အစည်း(CSTO) နဲ့ အွန်လိုင်းစည်းဝေးပွဲမှာ ပူတင်က တာလီဘန်တွေရဲ့အာဏာသိမ်းယူမှုပြီးနောက်ပိုင်း အစ္စလာမ်မစ်အစွန်းရောက်တွေကို ဟန့်တားထိန်းသိမ်းသွားဖို့ အရေးကြီးကြောင်း ပြောကြားခဲ့ပါတယ်။ အာဖဂန်အရေး CSTO ရဲ့အရေးပေါ်စည်းဝေးပွဲကို တာဂျစ်ကစ္စတန်သမ္မတ အမ်မိုမာလီရာဟ်မွန်က ဥက္ကဌအဖြစ်တာဝန်ယူပြီး အာမေးနီးယား ဘီလာရူ့စ် ကာဇက်ကစ္စတန် နဲ့ ကိုင်ဂျဇ်စ္စတန် တို့ကခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။

 

ISIL(ISIS) တွေဟာ အာဖဂန်မှာခြေကုတ်ယူထားဆဲဖြစ်ကြောင်းနဲ့ ဒေသတွင်းကျယ်ကျယ်ပြန့်ပြန့်ခြိမ်းခြောက်နေကြောင်း စစ်ဘက်မဟာမိတ်တွေကစိုးရိမ်ပူပန်မှုတွေကို ထုတ်ဖော်ပြောကြားခဲ့တယ်လို့ ကရင်မ်မလင်ကပြောပါတယ်။ ထွက်ပေါ်လာတဲ့ဘယ်လိုခြိမ်းခြောက်မှုကိုမဆို တုံ့ပြန်သွားမှာတွေအပါအဝင် အာဖဂန်ကထွက်ပေါ်လာတဲ့ အခြေအနေတွေပေါ်မှာ ပူးပေါင်းဆာင်ရွက်မှုတွေလုပ်ဆောင်သွားဖို့ ခေါင်းဆောင် ၆ဦးက သဘောတူခဲ့ပါတယ်။

 

အာဖဂန်မှာနောက်ထပ်ပြည်တွင်းစစ်ရဲ့ ဂယက်ရိုက်မှုတွေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပြီး အာဖဂန်ရဲ့ဒီဖြစ်ရပ်တွေမှာ ဘယ်သူမှကြားဝင်စွက်ဖက်မှာမဟုတ်ကြောင်း ကရင်မ်မလင်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီပက်စ်ကော့ဗ်က ပြောကြားခဲ့ပါတယ်။ အာဖဂန်ရဲ့ ၃၄ပြည်နယ်ထဲမှာ တာလီဘန်လက်အောက်ကျရောက်ခြင်းမရှိသေးတဲ့ တစ်ခုတည်းသောပြည်နယ်ဖြစ်တဲ့ ပန်ဂျ်ရှားရ်ကို တာလီဘန်တွေဝိုင်းထားကြောင်း အဖွဲ့ရဲ့ပြောခွင့်ရပုဂ္ဂိုလ်က တနင်္လာနေ့က ပြောကြားခဲ့ပြီးနောက် သူ့မှတ်ချက်ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

 

မြို့တော်ကဘူးလ်မြောက်ပိုင်းမှာတည်ရှိတဲ့ ဒီဒေသကို တာလီဘန်ဆန့်ကျင်သူတွေ စုဝေးလာနေကြပါတယ်။ အဲဒီထဲမှာ လက်ရှိသမ္မတလို့ကြေငြာထားတဲ့ ဖြုတ်ချခံခဲ့ရတဲ့အစိုးရအဖွဲ့မှာ ဒုသမ္မတဖြစ်ခဲ့သူ အမ်ရူလာဟ်ဆာလက်ဟ်နဲ့ ၂၀၀၁ခုနှစ်က တာလီဘန်တွေကိုနှိမ်နင်းတဲ့နေရာမှာ အမေရိကန်နဲ့ပူးပေါင်းခဲ့တဲ့ တာလီဘန်ဆန့်ကျင်ရေးမြောက်ပိုင်းမဟာမိတ်ပူးပေါင်းအဖွဲ့ရဲ့ ကျဆုံးအာဖဂန်သူရဲကောင်းခေါင်းဆောင်ရဲ့ သားဖြစ်သူ အာမက်မာဆ်အူးဒ်တို့ပါဝင်ပါတယ်။ အာဖဂန်ကအခြေအနေနဲ့ပတ်သက်ပြီး သူ့ရဲ့စိုးရိမ်ပူပန်မှုတွေကို ပူတင်ကအစောပိုင်းတုန်းက ထုတ်ဖော်ပြောကြားခဲ့ပြီး လုံခြုံရေးအခြေအနေတွေပြိုလဲမှုဟာ ဒုက္ခသည်တွေအသွင်နဲ့ အိမ်နီးချင်းနိုင်ငံတွေထဲ အကြမ်းဖက်သမားတွေ ဝင်ရောက်လာတာကိုမြင်တွေ့ရနိုင်ကြောင်း ပြီးခဲ့တဲ့အပတ်တုန်းက သတိပေးခဲ့ပါတယ်။

 

“ကျွန်တော်တို့ရဲ့အနောက်မိတ်ဘက်နိုင်ငံတွေက ဒုက္ခသည်တွေကို အမေရိကန် ဒါမှမဟုတ် တစ်ခြားနိုင်ငံတွေရဲ့ ဗီဇာတွေမရခင် ဗဟိုအာရှနိုင်ငံတွေမှာနေရာချထားပေးရေးအကြောင်းထပ်ခါထပ်ခါ ပြောနေပါတယ်။ ဒါပေမယ့်ဒီဒုက္ခသည်တွေထဲမှာ ဘယ်သူတွေပါလာမလဲဆိုတာ ကျွန်တော်တို့ဘယ်လိုသိနိုင်မှာလဲ” လို့ပူတင်ကပြောကြားခဲ့ပါတယ်။ အာဖဂန်ကနေ လူပေါင်းထောင်သောင်း သန်းနဲ့ချီထွက်ပြေးဖို့ဆန္ဒရှိကောင်းရှိနိုင်ကြောင်း ပူတင်ကခန့်မှန်းထားပါတယ်။ လက်တလောမှာတော့ လူပေါင်းရာနဲ့ချီ အာဖဂန်နဲ့နယ်မြေခြင်းထိစပ်နေတဲ့ တာဂျစ်ကစ္စတန် နဲ့ ဥဇဘက်ကစ္စတန်နိုင်ငံတွေဆီ ထွက်ပြေးခဲ့ကြပါတယ်။

 

အာဖဂန်ရဲ့မတည်မငြိမ်မှုတွေဟာ ဆိုဗီယက်ယူနီယံဟောင်းဖြစ်ခဲ့တဲ့ ဗဟိုအာရှဒေသတွေထဲ ထိခိုက်သက်ရောက်မှုတွေမဖြစ်စေဖို့ မော်စကိုက ကြိုးပမ်းနေပါတယ်။ အာဖဂန်ကိုနောက်ဘက်ခြံဝန်းအဖြစ် အလေးထားနေတာကြောင့် ဒီဒေသမှာ တစ်ခြားလက်နက်ကိုင်အဖွဲ့တွေ အစပြုရာနေရာမဖြစ်လာစေဖု့ိ မော်စကိုက ကြိုးပမ်းနေတာပဲဖြစ်ပါတယ်။ အာဏာသိမ်းယူပြီးကတည်းက တာလီဘန်တွေရဲ့လုပ်ဆောင်ချက်ကို ချီးကျူးမှုရှိခဲ့ပေမယ့် ဒီအဖွ့ဲဟာ အခြားရွေးချယ်စရာတွေမရှိပဲ ခုခံတွန်းလှန်မှုတွေဟာ ကျရှုံးလိမ့်မယ်လို့ မော်စကိုကပြောကြားခဲ့ပါတယ်။

 

ဒါပေမယ့်လည်းမော်စကိုက လက်ရှိအထိတော့တာလီဘန်တွေကို နိုင်ငံရဲ့တရားဝင်အုပ်ချုပ်သူတွေအဖြစ်အသိအမှတ်ပြုထားခြင်းမရှိသေးသလို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် တရားဝင်သတ်မှတ်ထားဆဲဖြစ်ပါတယ်။

 

Al Jazeera သတင်းဌာနပါ “Putin warns against radical Islam spillover from Afghanistan” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။

 

Zawgyi

 

အာဖဂန်ကနေ အစွန်းရောက်အစ္စလာမ်ဝါဒ ဒေသတွင်းပြန့်ပွားလာနိုင်တဲ့အန္တရာယ် ပူတင်သတိပေး

 

သြဂုတ် ၂၄၊ ၂၀၂၁ Myanmar Muslim Media

 

အာဖဂန်ကနေ အစွန်းရောက်အစ္စလာမ်ဝါဒ ဒေသတွင်း၀င်ရောက်ပြီး ထိခိုက်သက်ရောက်မှုတွေမဖြစ်အောင် ကာကွယ်တားဆီးဖို့ အလွန်အရေးကြီးကြောင်း ရုရှားသမ္မတဗလာဒီမာပူတင်က ဗဟိုအာရှခေါင်းဆောင်တွေကို ပြောကြားခဲ့ကြောင်း ကရင်မ်မလင်ကဖော်ပြခဲ့ပါတယ်။

 

တနလာင်္နေ့က စုပေါင်းလုံခြုံရေးသဘောတူညီမှုဆိုင်ရာအဖွဲ့အစည်း(CSTO) နဲ့ အွန်လိုင်းစည်းဝေးပွဲမှာ ပူတင်က တာလီဘန်တွေရဲ့အာဏာသိမ်းယူမှုပြီးနောက်ပိုင်း အစ္စလာမ်မစ်အစွန်းရောက်တွေကို ဟန့်တားထိန်းသ်ိမ်းသွားဖို့ အရေးကြီးကြောင်း ပြောကြားခဲ့ပါတယ်။ အာဖဂန်အရေး CSTO ရဲ့အရေးပေါ်စည်းဝေးပွဲကို တာဂျစ်ကစ္စတန်သမ္မတ အမ်မိုမာလီရာဟ်မွန်က ဥက္ကဌအဖြစ်တာ၀န်ယူပြီး အာမေးနီးယား ဘီလာရူ့စ် ကာဇက်ကစ္စတန် နဲ့ ကိုင်ဂျဇ်စ္စတန် တို့ကခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။

 

ISIL(ISIS) တွေဟာ အာဖဂန်မှာခြေကုတ်ယူထားဆဲဖြစ်ကြောင်းနဲ့ ဒေသတွင်းကျယ်ကျယ်ပြန့်ပြန့်ခြိမ်းခြောက်နေကြောင်း စစ်ဘက်မဟာမိတ်တွေကစိုးရိမ်ပူပန်မှုတွေကို ထုတ်ဖော်ပြောကြားခဲ့တယ်လို့ ကရင်မ်မလင်ကပြောပါတယ်။ ထွက်ပေါ်လာတဲ့ဘယ်လိုခြိမ်းခြောက်မှုကိုမဆို တုံ့ပြန်သွားမှာတွေအပါအ၀င် အာဖဂန်ကထွက်ပေါ်လာတဲ့ အခြေအနေတွေပေါ်မှာ ပူးပေါင်းဆာင်ရွက်မှုတွေလုပ်ဆောင်သွားဖို့ ခေါင်းဆောင် ၆ဦးက သဘောတူခဲ့ပါတယ်။

 

အာဖဂန်မှာနောက်ထပ်ပြည်တွင်းစစ်ရဲ့ ဂယက်ရိုက်မှုတွေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပြီး အာဖဂန်ရဲ့ဒီဖြစ်ရပ်တွေမှာ ဘယ်သူမှကြား၀င်စွက်ဖက်မှာမဟုတ်ကြောင်း ကရင်မ်မလင်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီပက်စ်ကော့ဗ်က ပြောကြားခဲ့ပါတယ်။ အာဖဂန်ရဲ့ ၃၄ပြည်နယ်ထဲမှာ တာလီဘန်လက်အောက်ကျရောက်ခြင်းမရှိသေးတဲ့ တစ်ခုတည်းသောပြည်နယ်ဖြစ်တဲ့ ပန်ဂ်ျရှားရ်ကို တာလီဘန်တွေဝိုင်းထားကြောင်း အဖွဲ့ရဲ့ပြောခွင့်ရပုဂ္ဂိုလ်က တနင်္လာနေ့က ပြောကြားခဲ့ပြီးနောက် သူ့မှတ်ချက်ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

 

မြို့တော်ကဘူးလ်မြောက်ပိုင်းမှာတည်ရှိတဲ့ ဒီဒေသကို တာလီဘန်ဆန့်ကျင်သူတွေ စုဝေးလာနေကြပါတယ်။ အဲဒီထဲမှာ လက်ရှိသမ္မတလို့ကြေငြာထားတဲ့ ဖြုတ်ချခံခဲ့ရတဲ့အစိုးရအဖွဲ့မှာ ဒုသမ္မတဖြစ်ခဲ့သူ အမ်ရူလာဟ်ဆာလက်ဟ်နဲ့ ၂၀၀၁ခုနှစ်က တာလီဘန်တွေကိုနှိမ်နင်းတဲ့နေရာမှာ အမေရိကန်နဲ့ပူးပေါင်းခဲ့တဲ့ တာလီဘန်ဆန့်ကျင်ရေးမြောက်ပိုင်းမဟာမိတ်ပူးပေါင်းအဖွဲ့ရဲ့ ကျဆုံးအာဖဂန်သူရဲကောင်းခေါင်းဆောင်ရဲ့ သားဖြစ်သူ အာမက်မာဆ်အူးဒ်တို့ပါ၀င်ပါတယ်။ အာဖဂန်ကအခြေအနေနဲ့ပတ်သက်ပြီး သူ့ရဲ့စိုးရိမ်ပူပန်မှုတွေကို ပူတင်ကအစောပိုင်းတုန်းက ထုတ်ဖော်ပြောကြားခဲ့ပြီး လုံခြုံရေးအခြေအနေတွေပြိုလဲမှုဟာ ဒုက္ခသည်တွေအသွင်နဲ့ အိမ်နီးချင်းနိုင်ငံတွေထဲ အကြမ်းဖက်သမားတွေ ၀င်ရောက်လာတာကိုမြင်တွေ့ရနိုင်ကြောင်း ပြီးခဲ့တဲ့အပတ်တုန်းက သတိပေးခဲ့ပါတယ်။

 

“ကျွန်တော်တို့ရဲ့အနောက်မိတ်ဘက်နိုင်ငံတွေက ဒုက္ခသည်တွေကို အမေရိကန် ဒါမှမဟုတ် တစ်ခြားနိုင်ငံတွေရဲ့ ဗီဇာတွေမရခင် ဗဟိုအာရှနိုင်ငံတွေမှာနေရာချထားပေးရေးအကြောင်းထပ်ခါထပ်ခါ ပြောနေပါတယ်။ ဒါပေမယ့်ဒီဒုက္ခသည်တွေထဲမှာ ဘယ်သူတွေပါလာမလဲဆိုတာ ကျွန်တော်တို့ဘယ်လိုသိနိုင်မှာလဲ” လို့ပူတင်ကပြောကြားခဲ့ပါတယ်။ အာဖဂန်ကနေ လူပေါင်းထောင်သောင်း သန်းနဲ့ချီထွက်ပြေးဖို့ဆန္ဒရှိကောင်းရှိနိုင်ကြောင်း ပူတင်ကခန့်မှန်းထားပါတယ်။ လက်တလောမှာတော့ လူပေါင်းရာနဲ့ချီ အာဖဂန်နဲ့နယ်မြေခြင်းထိစပ်နေတဲ့ တာဂျစ်ကစ္စတန် နဲ့ ဥဇဘက်ကစ္စတန်နိုင်ငံတွေဆီ ထွက်ပြေးခဲ့ကြပါတယ်။

 

အာဖဂန်ရဲ့မတည်မငြိမ်မှုတွေဟာ ဆိုဗီယက်ယူနီယံဟောင်းဖြစ်ခဲ့တဲ့ ဗဟိုအာရှဒေသတွေထဲ ထိခိုက်သက်ရောက်မှုတွေမဖြစ်စေဖို့ မော်စကိုက ကြိုးပမ်းနေပါတယ်။ အာဖဂန်ကိုနောက်ဘက်ခြံ၀န်းအဖြစ် အလေးထားနေတာကြောင့် ဒီဒေသမှာ တစ်ခြားလက်နက်ကိုင်အဖွဲ့တွေ အစပြုရာနေရာမဖြစ်လာစေဖုိ့ မော်စကိုက ကြိုးပမ်းနေတာပဲဖြစ်ပါတယ်။ အာဏာသိမ်းယူပြီးကတည်းက တာလီဘန်တွေရဲ့လုပ်ဆောင်ချက်ကို ချီးကျူးမှုရှိခဲ့ပေမယ့် ဒီအဖွဲ့ဟာ အခြားရွေးချယ်စရာတွေမရှိပဲ ခုခံတွန်းလှန်မှုတွေဟာ ကျရှုံးလိမ့်မယ်လို့ မော်စကိုကပြောကြားခဲ့ပါတယ်။

 

ဒါပေမယ့်လည်းမော်စကိုက လက်ရှိအထိတော့တာလီဘန်တွေကို နိုင်ငံရဲ့တရား၀င်အုပ်ချုပ်သူတွေအဖြစ်အသိအမှတ်ပြုထားခြင်းမရှိသေးသလို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် တရား၀င်သတ်မှတ်ထားဆဲဖြစ်ပါတယ်။

 

Al Jazeera သတင်းဌာနပါ “Putin warns against radical Islam spillover from Afghanistan” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*