အာဖဂန်သမ္မတဟောင်း ဟာမစ်ကာဇိုင်းနဲ့ ဟက်ကနီကွန်ရက် ခေါင်းဆောင်တို့ တွေ့ဆုံ

အာဖဂန်သမ္မတဟောင်း ဟာမစ်ကာဇိုင်းနဲ့ ဟက်ကနီကွန်ရက် ခေါင်းဆောင်တို့ တွေ့ဆုံ

ဟက်ကနီကွန်ရက် ဆိုတဲ့ လက်နက်ကိုင်အဖွဲ့ရဲ့ ခေါင်းဆောင် အာနပ်စ် ဟက်ကနီနဲ့ အာဖဂန်နစ္စတန် သမ္မဟောင်း ဟာမစ် ကာဇိုင်းတို့ တွေ့ဆုံခဲ့ကြတယ်လို့ ဒေသတွင်း သတင်းတွေက ဆိုပါတယ်။

လူမှုကွန်ရက်တွေပေါ် ရောက်လာတဲ့ ဓာတ်ပုံတွေအရ အဲဒီ တွေ့ဆုံပွဲမှာ အရင် အာဖဂန် အစိုးရရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဗ္ဗဒွလ်လာ အဗ္ဗဒွလ်လာလည်း ရှိနေပါတယ်။

ဟက်ကနီကွန်ရက်ဟာ အာဖဂန်- ပါကစ္စတန် နယ်စပ်တလျှောက် တာလီဘန်တွေရဲ့ ဘဏ္ဍရေးပိုင်းနဲ့ စစ်ရေးပိုင်းကို တာဝန်ယူခဲ့တဲ့ အဖွဲ့ဖြစ်ပြီး၊ အမေရိကန်က အကြမ်းဖက် အဖွဲ့အဖြစ် ကြေညာထားပါတယ်။

အာနပ်စ် ဟက်ကနီကိုလည်း ဖမ်းပြီး ၂၀၁၆ မှာ သေဒဏ်ချထားရာက ၊ ၃ နှစ် အကြာမှာတော့ အကျဥ်းသား လဲလှယ်ရေး သဘောတူမှုနဲ့ ပြန်လွှတ် ပေးခဲ့ရပါတယ်။

ကာဘူးလ်မြို့မှာ အလုပ်လုပ်ရင်း လက်နက်ကိုင်တွေရဲ့ ဖမ်းဆီးတာ ခံခဲ့ရတဲ့ အနောက်နိုင်ငံသား ပါမောက္ခ ၂ ယောက် လွတ်မြောက်ရေး အတွက် ဟက်ကနီနဲ့ လဲခဲ့ရတာ ဖြစ်ပါတယ်။

သူနဲ့ အခု တွေ့ဆုံတယ် ဆိုတဲ့ သမ္မတဟောင်း ဟာမစ်ကာဇိုင်းနဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဗ္ဗဒွလ်လာ အဗ္ဗဒွလ်လာတို့ဟာ တာလီဘန်တွေထံ အာဏာလွှဲပေးရေး ကြီးကြပ်မှု ကောင်စီထဲ ပါဝင်သူတွေ ဖြစ်ပါတယ်။

အာနပ်စ် ဟက်ကနီနဲ့ကြား ဘာတွေ ဆွေးနွေးခဲ့လဲ ဆိုတဲ့ အသေးစိတ် အချက်အလက် တွေတော့ ထွက်မလာသေးပါဘူး။ # ဘီဘီစီမြန်မာပိုင်း

Be the first to comment

Leave a Reply

Your email address will not be published.


*