အာဖဂန်အရေး ဖိအားမပေးကြဖို့ နိုင်ငံတကာအဝိုင်းအဝိုင်းကို တရုတ်တိုက်တွန်း

အာဖဂန်အရေး ဖိအားမပေးကြဖို့ နိုင်ငံတကာအဝိုင်းအဝိုင်းကို တရုတ်တိုက်တွန်း

ပေကျင်း၊ သြဂုတ်-၂၁-၂၀၂၁
မျိုးဆက် (VOM)

အာဖဂန်အရေးနှင့်ပတ်သက်၍ နိုင်ငံတကာအသိုင်းအဝိုင်းက ဖိအားပေးတာတွေလုပ်တာထက် ကူညီလမ်းပြသင့်တယ်လို့ တရုတ်နိုင်ငံခြားရေး၀န်ကြီး ၀မ်ယီက တိုက်တွန်းပြောဆိုလိုက်ပါတယ်။

၀မ်ယီဟာ အာဖဂန်အရေးအပေါ် ဗြိတိန်နိုင်ငံခြားရေး၀န်ကြီး ဒိုမီနစ်ရတ်ဘ်နဲ့ သြဂုတ် ၂၀ ရက်က တယ်လီဖုန်း ဆက်သွယ်ဆွေးနွေးရာမှာ အခုလိုတိုက်တွန်းလိုက်တာဖြစ်ပါတယ်။

အာဖဂန်မှာတော့ တာလီဘန်တွေ ထိန်းချုပ်လိုက်ပြီးနောက် လက်ရှိမှာ မတည်ငြိမ်မှုတွေဖြစ်ပေါ်နေပါတယ်။

အာဖဂန်ပြည်သူတွေကို စုစည်းပြီး ပြန်လည်သင့်မြတ်ရေးနိုင်ငံရေးမူဘောင်တစ်ခုချမှတ်ပြီးနောက် တာလီဘန်တွေအနေနဲ့ အလယ်အလတ်သဘောရှိတဲ့ မူဝါဒတွေချမှတ်ခြင်းရှိမရှိကို ကမ္ဘာက စောင့်ကြည့်သင့်တယ်လို့လည်း ၀မ်ယီကဆိုပါတယ်။

ဗြိတိန်နိုင်ငံခြားရေး၀န်ကြီးဒိုမီနစ်ရတ်ဘ်ကတော့ တရုတ်နိုင်ငံခြားရေး၀န်ကြီးအပြင် ဂျီ-၇ အဖွဲ့နိုင်ငံခြားရေး၀န်ကြီးတွေနဲ့လည်း အာဖဂန်အရေးဆွေးနွေးခဲ့ပြီး အမျိုးသမီးတွေ၊ ကလေးငယ်တွေနဲ့ လူနည်းစုများအပါအ၀င် အာဖဂန်ရှိ လူ့အခွင့်အရေး ကိစ္စတွေအပေါ် သူတို့ရဲ့ကတိက၀တ်တွေကို စောင့်ထိန်းသွားမယ်လို့ဆိုပါတယ်။

တရုတ်နိုင်ငံ ရှင်ကျန်းရှိ ဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေဟာ အာဖဂန်နဲ့နယ်နမိတ်ချင်းထိစပ်နေပါတယ်။

တရုတ်နိုင်ငံကတော့ ဒေသတွင်းရှိ လွတ်လပ်ရေးလိုလားသောအင်အားစုတွေနဲ့ အစ္စလာမ္မစ်အစွန်း ရောက်တွေအကြား ဖြစ်နိုင်ခြေရှိတဲ့ ပူးပေါင်းမှုတွေကို သတိထားစောင့်ကြည့်နေဖွယ်ရှိပါတယ်။

Ref : NHK
Photo:NDTV
voiceofmyanmar vom

Be the first to comment

Leave a Reply

Your email address will not be published.


*