အိနိ္ဒိယတွင် ကိုဗစ်ကာကွယ်ဆေး ပထမအကျော့ ဆေးထိုးပြီးသည့် အရွယ်ရောက်သူ ထက်ဝက်ကျော်ရှိ

အိနိ္ဒိယတွင် ကိုဗစ်ကာကွယ်ဆေး ပထမအကျော့ ဆေးထိုးပြီးသည့် အရွယ်ရောက်သူ ထက်ဝက်ကျော်ရှိ

 

အိန္ဒိယနိုင်ငံ၏ ကိုဗစ်ကာကွယ်ဆေးထိုးရမည့်သူ အရေအတွက် ထက်ဝက်ကျော်ဖြစ်သော လူဦးရေ လူဦးရေ ၄၇၃ သန်းကို ပထမအကျော့ ဆေးထိုးပြီးဖြစ်ကြောင်း တရားဝင် ကိန်းဂဏန်းများတွင် ဖော်ပြထားသည်။

 

ကိုဗစ် တတိယလှိုင်းဒဏ် ကြုံတွေ့နေရခြင်းမှ ကင်းလွတ်ရန် အိန္ဒိယအနေဖြင့် ကာကွယ်ဆေးထိုးအစီအစဉ်ကို တိုးမြှင့် လုပ်ဆောင်လျှက်ရှိသည်။

 

အတည်ပြုထားသည့် ကာကွယ်ဆေး ၃ မျိုးဖြစ်သော Covishield၊ Covaxin နှင့် Sputnik V ဆေးအလုံးရေ သန်း ၆၁၀ ကျော်ကို ထိုးပေးထားပြီး ဖြစ်သည်။

 

အစိုးရအနေဖြင့် ယခုနှစ်ကုန်တွင် အိန္ဒိယနိုင်ငံသားအားလုံးကို ကာကွယ်ဆေးထိုးပြီးရန် ရည်မှန်းထားသည်။

 

လူပေါင်း သန်း ၁၀၀ အား ၁၉ ရက်အတွင်း ကာကွယ်ဆေးထိုးပေးခဲ့ပြီး ပထမအကြိမ် သန်း ၁၀၀ ကို ထိုးပေးစဉ်က ၈၅ ရက်ကြာမြင့်ခဲ့သည်။

 

ဇန်နဝါရီတွင် ကာကွယ်ဆေးထိုးခြင်း စတင်ပြီးနောက်ပိုင်း အရွယ်ရောက်သူ ၁၅ ရာခိုင်နှုန်းကိုသာ ထိုးပေးထားရသေးသည်။

 

အိနိ္ဒိယတွင် ကိုဗစ်ကူးစက်ခံရသူပေါင်း ၃၂ သန်းကျော် စာရင်းရရှိခဲ့ပြီး အမေရိကန်ပြီးနောက် ဒုတိယအများဆုံး ဖြစ်သည်။ သေဆုံးသူအရေအတွက်မှာလည်း ၄ သောင်းကျော်ရှိခဲ့ကာ အမေရိကန်နှင့် ဘရာဇီးတို့ပြီးနောက် တတိယအများဆုံးနိုင်ငံ ဖြစ်ခဲ့သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*