အွန်လိုင်းတွင် NUGကို ထောက်ခံသည့် စာများရေးသည်ဟုဆိုကာ အမျိုးသမီးတစ်ဦးကို ဖမ်းဆီး

အွန်လိုင်းတွင် NUGကို ထောက်ခံသည့် စာများရေးသည်ဟုဆိုကာ အမျိုးသမီးတစ်ဦးကို ဖမ်းဆီး

 

 

Aug 24.2021

 

လှိုင်သာယာ စက်မှုဇုန် (၂)ရှိ SIOEN Myanmar အထည်ချုပ်စက်ရုံတွင် စက်ချုပ်သူ မခင်သန္တာမိုးကို လိုင်းပေါ်တွင် NUG ထောက်ခံသည့်စာများ ရေးသည်ဟုဆိုကာ သြဂုတ် ၂၄ရက် နံနက် ၁၀ နာရီခွဲခန့်တွင် အကြမ်းဖက် စစ်ကောင်စီအဖွဲ့ဝင်များက လာရောက်ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

 

ဖေ့ဘွတ်စ်ပေါ်တွင် ဟန်ငြိမ်းဦးဆိုသည့်အကောင့်မှ လိုင်းပေါ်၌ NUGကို ထောက်ခံသည့်စာများရေးနေသည့် မခင်သန္တာမိုးကို အရေးယူပေးရန် တင်ထားခြင်းဖြစ်သည်။

 

ထို့နောက် ၎င်းအလုပ်လုပ်သည့် စက်ရုံသို့ ယနေ့ နံနက်ပိုင်းတွင် အရပ်ဝတ်လူသုံးဦး ရောက်လာပြီး သေနတ်အတိုကိုင်ဆောင်ထားသည့် နှစ်ဦးက အပြင်တွင်နေခဲ့ကာ စက်ရုံ၏ HRဖြစ်သူကို မခင်သန္တာမိုး ပုံပြ၍ ခေါ်ခိုင်းကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

 

” အဲဒီဟန်ငြိမ်းဦးအကောင့်က သက်သက်ချောက်ချတာပါ။ သူက စက်ချုပ်နေတဲ့အမျိုးသမီးတစ်ယောက်ပါပဲ ။ အခု ဆက်သွယ်ရေးပုဒ်မတစ်ခုနဲ့ စွဲထားတယ်လို့ ကြားတယ်”ဟု အလုပ်သမားတစ်ဦးက ပြောသည်။

 

လက်ရှိတွင် ဖမ်းစီးခေါ်ဆောင်သွားသည့် မခင်သန္တာမိုးကို လှိုင်သာယာရဲစခန်းတွင် ဆက်သွယ်ရေးပုဒ်မဖြင့် အရေးယူထားသည်ဟု သိရသည်။

 

မခင်သန္တာမိုးသည် အသက်၁၇နှစ်အရွယ် သမီးဖြစ်သူကို တစ်ဦးတည်းပြုစုပျိုးထောင်နေသူ(Single Mother)ဖြစ်သည်။

 

 

Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*