CDF ထန်တလန်နှင့် တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီမှ ၅ ဦးထက်မနည်းသေဆုံး

CDF ထန်တလန်နှင့် တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီမှ ၅ ဦးထက်မနည်းသေဆုံး

ရန်ကုန်၊ သြဂုတ် ၂၁

ချင်းပြည်နယ်မြောက်ပိုင်း၊ ဟားခါးနှင့် ထန်တလန်ကြားတွင် အင်အား ၂၀၀ ခန့်ပါသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် CDF ထန်တလန်တို့ သြဂုတ်လ ၂၁ ရက် ယနေ့တွင် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်စစ်ကောင်စီမှ ၅ ဦးထက်မနည်းသေဆုံးကာ CDF ဘက်မှ ထိခိုက်သေဆုံးမှုမရှိခဲ့ကြောင်း သတင်းရရှိသည်။

အကြမ်းဖက်စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်သည့်အတွက် CDF တပ်ဖွဲ့များအနေဖြင့် ဆုတ်ခွာပေးခဲ့ကြောင်း CDF မှ ထုတ်ပြန်ထားသည်။

လက်ရှိအချိန်တွင် ထန်တလန်မြို့တွင် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်အများအပြား ဝင်ရောက်လာနေသည့်အတွက် ဒေသခံ ပြည်သူများအနေဖြင့် သတိထားသွားလာကြရန် CDF မှ ထုတ်ပြန်ထားသည်။

Khit Thit Media

Be the first to comment

Leave a Reply

Your email address will not be published.


*