NUG ကာကွယ်ရေး ဒု-၀န်ကြီး ဒေါ်ခင်မမမျိုးကို စီးပွားကူးသန်း ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းရွေ့ ခန့်အပ် 

NUG ကာကွယ်ရေး ဒု-၀န်ကြီး ဒေါ်ခင်မမမျိုးကို စီးပွားကူးသန်း ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းရွေ့ ခန့်အပ်

 

မဇ္ဈိမ

 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်ခင်မမမျိုးကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းရွှေ့တာဝန်ပေးလိုက်သည်။

 

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီသည် ၂၀၂၀ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူလူထုက ဒီမိုကရေစီနည်းကျအပ်နှင်းလိုက်သည့် အာဏာကိုကျင့်သုံးပြီး ပြောင်းရွှေ့ခန့်အပ်ခြင်းဖြစ်ကြောင်း NUG က ယနေ့ ဩဂုတ် ၂၅ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

 

ဒေါ်ခင်မမမျိုးသည် NUG အစိုးရတွင် တာဝန်မယူမီက မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများ ပါဝင်ဆောင်ရွက်မှုနှင့် ကျား၊ မ တန်းတူညီမျှရေးအတွက် အားပေးဆောင်ရွက်သူတစ်ဦးဖြစ်သည်။

 

၎င်းသည် အင်္ဂလန်နိုင်ငံ University of Aberdeen တွင် နိုင်ငံတကာလေ့လာရေးပညာ ဝိဇ္ဇာဂုဏ်ထူးဘွဲ့ BA (Hons) International Studies၊ ဘောဂဗေဒမဟာဝိဇ္ဇာဘွဲ့ (MA Economic)၊ မဟာဗျူဟာ လေ့လာရေးပညာ မဟာသိပ္ပံဘွဲ့ (MSc in Strategic Studies)၊ နိုင်ငံရေးသုတေသန မဟာသုတေသနဘွဲ့ (MRes Political Research) များရရှိခဲ့သူဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*