NUG အစိုးရ၏ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံသောအွန်လိုင်း လက်မှတ်များ စုဆောင်း၊ ပြည်သူများ ပါဝင်လက်မှတ်ထိုးကြရန် နှိုးဆော်။

NUG အစိုးရ၏ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံသောအွန်လိုင်း လက်မှတ်များ စုဆောင်း၊ ပြည်သူများ ပါဝင်လက်မှတ်ထိုးကြရန် နှိုးဆော်

ရန်ကုန်၊ ဩဂုတ် ၁၃

အမျိုးသားညီညွတ်ရေးအစိုးရNUG ၏ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံအသိအမှတ်ပြုရေး လက်မှတ်ပေါင်း တစ်သိန်းခွဲ စုဆောင်းလျက်ရှိပြီး ပြည်သူများ အနေဖြင့် ပါဝင်ကြရန် တက်ကြွလှုပ်ရှားသူများက နှိုးဆော်လိုက်သည်။

၂၀၂၁ ခုနှစ် စက်တင်ဘာလဆန်း တွင် ကမ္ဘာ့ကုလသမဂ္ဂ ၏ ၇၆ ကြိမ်မြောက် ပုံမှန် ညီလာခံကိုကျင်းပမည်ဖြစ်ပြီး အထွေထွေညီလာခံ သမ္မတ မှ အဖွဲ့ဝင် နိုင်ငံများ၏ ကိုယ်စားပြု ကိုယ် စားလှယ်များကို စိစစ်လက်ခံသည့် ကော်မတီ ၏ အဖွဲ့ဝင်များကို ရွေးချယ်တာဝန်ပေးမည်ဖြစ် ကြောင်း၊ စိစစ်လက်ခံရေးကော်မတီ ၏ အဓိကတာဝန်မှာ နိုင်ငံ့ကိုယ်စားပြုကိုယ်စားလှယ်များ၏အချက်အလက် များကိုစီစစ်၍ ညီလာခံသို့ တင်ပြရမည်ဖြစ်ကြောင်း၊ ယခုနှစ်တွင် စိစစ်ရေးကော်မတီသည် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြောက်ခံ အမျိုးသားညီ ညွတ်ရေး အစိုးရ (NUG) နှင့် အာဏာသိမ်းစစ်တပ် (SAC) တို့တွင် မည်သည့် အဖွဲ့သည် မြန်မာပြည်သူများကို တရားဝင်ကိုယ်စားပြုမှုရှိသည်ကို စိစစ်ရမည်ဖြစ်ကြောင်း သိရှိရသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် အွန်လိုင်းလက်မှတ်များ ပါဝင်ထိုးကြခြင်းဖြင့် ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲ ၏ ရလဒ်များကို ပယ်ဖျက်၍ အပြစ်မဲ့ ပြည်သူ ၁၀၀၀ နီးပါးကိုအကြမ်းဖက် သတ်ဖြတ်ခဲ့ ပြီး သတ်ဖြတ်မှုများ ဆက်လက်ကျူးလွန်နေသော၊ ထောင်နှင့်ချီသော ပြည်သူများကို ဥပဒေမဲ့ မတရားဖမ်းဆီးထားကာ အကျဥ်းထောင်များတွင် နိုင်ငံရေးအကျဥ်းသားများအား ဖိနှိပ်သတ်ဖြတ်နေသော၊ အရပ်သားကျေးရွာများကို မတရားလေကြောင်းမှတိုက်ခိုက်၍ ပြည်သူရာကျော်သေဆုံးပြီး အိုးအိမ်မဲ့ပြည်သူ တသန်းကျော် မှာ ဘေးလွတ်ရာသို့ ပြေးဝင်ခိုလှုံနေရသော၊ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ဆေးနှင့် ကုသရေးလုပ်ငန်းများကို မြန်မာပြည်သူများထံမှ လုယူပြီး စစ်ဗိုလ်ချုပ်များ၊ အရာရှိများနှင့် ၎င်းတို့၏ လက်အောက် ခံ များကိုသာ ကုသစောင့်ရှောက်မှုပေးနေသော မြန်မာစစ်တပ်ကို ကိုယ်စားပြုသူ အကြမ်းဖက်စစ်ကောင်စီသည် မြန်မာပြည်သူများကို တရားဝင်ကိုယ်စားပြုသော အဖွဲ့အစည်း မဟုတ်ကြောင်း ပြသရန် နှိုးဆော်ထားသည်။

ပြည်သူများအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရသည်သာ မြန် မာနိုင်ငံသားများ၏ တရားဝင် ကိုယ်စားပြု အစိုးရဖြစ်ကြောင်းစိစစ်ရေးကော်မတီ သည် ကမ္ဘာ့ကုလသမဂ္ဂ ၏ အထွေထွေညီလာခံ ကို အစီရင်ခံတင်ပြရန် အွန်လိုင်းလက်မှတ်ပါဝင်ရေးထိုးကြစေလိုကြောင်း တိုက်တွန်းထားသည်။

Khit Thit Media

Be the first to comment

Leave a Reply

Your email address will not be published.


*