NUG အစိုးရ အဖွဲ့က ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကို အကြမ်းဖက် လူသတ် စစ်ကောင်စီက အဂတိမှုနဲ့ စွပ်စွဲ တရားစွဲဆိုထား 

NUG အစိုးရ အဖွဲ့က ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကိုအကြမ်းဖက် လူသတ် စစ်ကောင်စီက အဂတိမှု နဲ့ စွပ်စွဲ တရားစွဲဆိုထား

 

ရန်ကုန်| သြဂုတ်လ ၂၈

 

အမျိုးသားညီညွတ်‌ရေး အစိုးရ NUG က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဒေါက်တာဝင်းမြတ်အေး ကိုအဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနဲ့ စွပ်စွဲပြီး အကြမ်းဖက်စစ်ကောင်စီ က အမှုဖွင့် လိုက်ပါတယ်။

 

ဒေါက်တာဝင်းမြတ်အေးကိုတရားစွဲဆိုထားကြောင်း အာဏာသိမ်းစစ်ကောင်စီရဲ့ ဝါဒဖြန့်ပြန်ကြားရေးမီဒီယာတွေက မနေ့က(သြဂုတ်လ၂၇)ကထုတ်ပြန်လိုက်ပါတယ်

 

ဒေါက်တာဝင်းမြတ်အေးဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် NLD အစိုးရ လက်ထက်မှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးတာဝန်ထမ်းဆောင် ရဟတ်ယာဉ် ဝယ်ယူတာနဲ့ ပတ်သက်ပြီး နိုင်ငံတော်ငွေနစ်နာမှုရှိတယ်လို့ စွပ်စွဲ ပြီးစစ်ကောင်စီဘက်က တရားစွဲ တာဖြစ်တယ်လို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

 

ဒေါက်တာဝင်းမြတ်အေးကို အရေးပေါ်ကိစ္စတွေ ဆောင်ရွက်ဖို့ ရဟတ်ယာဉ်ဝယ်ယူခဲ့ရာမှာ နိုင်ငံတော်ငွေနစ်နာမှုတွေအပြင် ယခင် စီးပွာရေးကော်မတီနဲ့ ပြည်ထောင်စုအစိုးရကိုမတင်ပြခြင်း၊ ကာကွယ်ရေးဝန်ကြီးဌာနကို မတင်ပြခြင်း စတာတွေ‌ကြောင့် အမှုဖွင့်တာဖြစ်တယ် လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။

 

ဒေါက်တာဝင်းမြတ်အေးဟာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ ဥက္ကဋ္ဌဟောင်းလည်းဖြစ်ပါတယ်။

 

လက်ရှိမှာဒေါက်တာဝင်းမြတ်အေးအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူဆောင်ရွက်နေပါတယ်။

 

 

ဓာတ်ပုံ – ဒေါက်တာဝင်းမြတ်အေး (ပုံဟောင်း)

Khit Thit Media

Be the first to comment

Leave a Reply

Your email address will not be published.


*