PDF ဗုံးခွဲတိုက်ခိုက်ခြင်းကြောင့် စစ်ကောင်စီ တပ်သား၃ဦး ထက်မနည်းသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရ

PDF ဗုံးခွဲတိုက်ခိုက်ခြင်းကြောင့် စစ်ကောင်စီ တပ်သား၃ဦး ထက်မနည်းသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရ

ယင်းမာပင် PDF ၏ ဗုံးခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်သားသုံးဦး ထက်မနည်းသေဆုံးပြီး ၁၀ဦးထက် မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယင်းမာပင် PDF၏ တာဝန်ရှိသူက ပြောသည်။

ယမန်နေ့ ဩဂုတ် ၁၄ ရက် ညနေ ၃နာရီခွဲအချိန်တွင် အင်အား ၅၀ခန့် ရှိသည့် စစ်ကောင်စီယာဉ်တန်းကို ယင်းမာပင်မြို့နယ် ကွေ့ချောင်းရွာအထွက် မြေဖွေးတောင်အနီးတွင် ယင်းမာပင် PDFက မိုင်း သုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ရွာထဲကို ဝင်မွှေပြီး ပြန်အထွက်မှာ မိုင်းမိတာ၊ ပြီးတော့ သေနတ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တယ်၊ ” ဟု ယင်းမာပင် PDF၏ တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်များသည် ယင်းမာပင်မြို့နယ် ရွှေတောင်ဦး အနီး ကွေ့ချောင်းရွာကို ယမန်နေ့က ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ဗုံးခွဲတိုက်ခိုက်ခံရခြင်း ဖြစ်သည်။

ယင်းဗုံးခွဲတိုက်ခိုက်မှုတွင် ယင်းမာပင် PDF ဘက်က ထိခိုက်ကျဆုံးမှုမရှိကြောင်း သိရသည်။

ဩဂုတ်လ ၁၂ ရက် ကလည်း ပုလဲနယ်ဘက်မှ စစ်ကား ငါးစီးဖြင့် ပြန်လာသည့် စစ်ကောင်စီတပ်ယာဉ်တန်းကို ယင်းမာပင် PDFက မိုင်းခွဲတိုက်ခိုက်သည့်အတွက် စစ်ကား နှစ်စီး ဗုံးထိမှန်ပြီး စစ်ကောင်စီတပ်သား ၂၀ ကျော် သေဆုံးခဲ့သည်။

Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*